International News

ထိုင်းနိုင်ငံ၏ ယခုနှစ်အတွက် ပြည်ပဆန်တင်ပို့မှု တန်ချိန် (၈) သန်းရရှိရေး ရုန်းကန်နေရ

Last Updated:

 

           ၂၀၁၉ ခုနှစ်အတွက် ဆန်တင်ပို့မှုသည် တန်ချိန် (၈) သန်း အောက်ရှိကျဆင်းခဲ့ပြီး ယခုနှစ်အတွက် အလားအလာမှာ ဆက်လက်တန်ဖိုးမြှင့်တက်နေဆဲ ဘတ်ငွေ၊ သဘာဝဘေး အန္တရာယ်များနှှင့် မြန်မာနှင့် တရုတ်ကဲ့သို့ ထွန်းသစ်စဆန်တင်ပို့သူ အသစ်များရှိနေခြင်းကြောင့် အရေရာသေးကြောင်းသိရပါသည်။

          ထိုင်းပြည်ပဆန်တင်ပို့သူများအသင်းဉက္ကဋ္ဌ Chaoren Laothamatas က ၂၀၁၉ ခုနှစ်တွင် အသင်းမှ ဆန်တန်ချိန် (၉) သန်းအောက်သာရှိမည်ဟု ခန့်မှန်းထားသည့်အတိုင်း တန်ချိန် (၈) သန်းရရှိရန် ရုန်းကန်နေရကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၁၉ ခုနှစ်က ပထမ (၁၁) လအတွင်း ထိုင်းနိုင်ငံအနေဖြင့် ဆန်တန်ချိန် (၇.၁၁) သန်း တင်ပို့နိုင်ခဲ့ပြီး ယခုနှစ် အလားတူကာလများ ကထက် (၃၀.၄ %) ကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ (၂.၉) ဘီလီယံ ရရှိခဲ့ကာ (၂၄.၃ %) ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ကျဆင်းရခြင်းမှာ တိုင်းပြည်၏ ပို့ကုန်ယှည်ပြိုင်နိုင်စွမ်းကို ထိခိုက်စေသည့် ဘတ်ငွေ တန်ဖိုးမြင့်တက်မှုကြောင့်ဖြစ်ပါသည်။

       နောက်ထပ်အကြောင်းတရားတစ်ခုမှာ စျေးကွက်ဝယ်လိုအားနှင့် စားသုံးသူအပြုအမူများ ပြောင်းလဲမှုကို ရင်ဆိုင်ရန် နှစ် (၃၀) အတွင်း ထိုင်းဆန်အမျိုးအစား ဖွံ့ဖြိုးမှုမရှိခြင်းပင် ဖြစ်ပါ သည်။ ထိုင်းနိုင်ငံအနေဖြင့် တူညီသော ဆန်အမျိုးအစားကို နှစ်ပေါင်း (၃၀) ကြာတင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း Mr. Chaoren က ပြောကြားခဲ့ပါသည်။

            ရာသီဉတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူးနွေးလာမှုတို့အပြင် စိုက်ပျိုးနည်းစနစ်များ ပြောင်း လဲလာခြင်းတို့ကြောင့် ထိုင်းဆန်အရည်အသွေးမှာ ကျဆင်းသွားကြောင်း ၎င်းကပြောကြား ခဲ့ပါသည်။ အလုပ်သမားရှားပါးမှုကြောင့် လယ်သမားများအနေဖြင့် စက်ပစ္စည်းများနှင့် ဓါတုပစ္စည်းများကို အသုံးပြုကြခြင်းကြောင့် ထိုင်းဆန်၏ မွေးကြိုင်သောရနံ့ အရည်အသွေးနှင့် စားသုံးမှုအရသာကို ထိခိုက်စေခဲ့ကြောင်း၊ ထိုစဉ် ဗီယက်နမ်ကဲ့သို့သော အခြားဆန်တင်ပို့သည့် နိုင်ငံများက စားသုံးသူတို့၏ လိုအင်ကိုဖြည့်စွမ်းရန်နှစ်စဉ် ၎င်းတို့၏ သီးနှံများကို တိုးတက် စေခဲ့ကြပါသည်။ ယခအခါ ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့ဆန်ဝယ်လိုအားကို ဖြည့်ဆည်းရန် ဆန်အမျိုးအစား  (၇) မျိုး (သို့မဟုတ်) (၈) မျိုးခန့် ရှိနေပြီးဖြစ်ပါသည်။

            Mr. Chaoren က ထိုင်းဟုမ်းမလိ (hommali) ဆန်သည် ထင်ရှားကျော်ကြားသော အမျိုးအစားအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ထိုင်းဆန်ဖြူ(White Rice) မှာမူကမ္ဘာအနှံ့သို့ တင်ပို့နေသည့် ပျော့ပျောင်းလှသောဆန်ကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့သည့် ဗီယက်နမ်ဆန်ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

         ယခုနှစ်အတွက် အသင်းအနေဖြင့် စွန့်စားမှုများစွာရှိနေခြင်းကြောင့် မည်သည့် ပို့ကုန်စီမံကိန်းအတွက်မဆို တွန့်ဆုတ်နေကြောင်းပြောကြားခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ထိုင်းပြည်ပဆန်တင်ပို့မှုမှာ စုစုပေါင်းတန်ချိန် (၁၁.၂) သန်း ရှိခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် (၁၁.၇) သန်းရှိရာမှ (၅% ) ကျဆင်းခဲ့သော်လည်း ၂၀၁၆ ခုနှစ် တင်ပို့ခဲ့သောတန်ချိန် (၉.၉၁) သန်းထက် ပိုမိုများခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ပုံမှန်အားဖြင့် တနှစ်လျှင် ဆန်တန်ချိန် (၁၀) သန်း တင်ပို့ လေ့ရှိပြီး ဆန်ဖြူတင်ပို့မှုမှာ တစ်ဝက်ခန့်ရှိပါသည်။

           စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၏ အဆိုအရ ၂၀၁၉-၂၀၂၀ သီးနှံရာသီ အဓိက သီးနှံ (Main crop) နှင့် ဒုတိယသီးနှံ (Second crops) နှစ်ခုလုံးအတွက် စပါး ထုတ်လုပ်မှု အနေဖြင့် စုစုပေါင်းတန်ချိန် (၂၇-၂၈) သန်းရှိမည်ဟု ခန့်မှန်းခဲ့ပြီး ရေလွှမ်းမိုးမှုနှင့် မိုးခေါင်မှု ကြောင့် ဒုတိယသီးနှံအဖြစ် စိုးပျိုးထုတ်လုပ်မှုကျဆင်းခဲ့ရပါသည်။ ဒုတိယသီးနှံအဖြစ်စိုက်ပျိုးမှုမှ တန်ချိန် (၃.၅) သန်းထွက်ရှိမည်ဟု ခန့်မှန်းခဲ့ကြောင်း၊ ယခင်ရာသီထွက်ရှိမှု (၇.၇၅) သန်းထက် (၅၄%) ကျဆင်းခဲ့ကြောင်း၊ ၎င်းမှာဆည်များမှ ရေရရှိမှုနည်းပါးခြင်းကြောင့်ဖြစ်ပါသည်။

          အဓိကသီးနှံ (Main crop) ထွက်ရှိမှု ပမာဏအနေဖြင့် စပါးတန်ချိန် (၂၄) သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ယခင်ရာသီက (၂၅-၂၇) သန်းထက် ( ၄%- ၁၂.၅ %) ကျဆင်း ခြင်းဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် ဆန်တင်ပို့မှု တန်ချိန် (၁၁.၂) သန်းရှိပြီး ၂၀၁၇ ခုနှစ်က တင်ပို့ခဲ့သော (၁၁.၇) သန်းထက် (၅% )ကျဆင်းခဲ့သော်လည်း ၂၀၁၆ ခုနှစ်က တင်ပို့ခဲ့သော ဆန်တန်ချိန်(၉.၉၁) သန်းထက်ပိုမိုများပြားခဲ့ခြင်းဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

 

         

Category: International News